Customer Support.
Round-the-clock Customer Care
            FAQ | How to use Email | Complain Procedure | Help Desk Procedure


Frequently Asked Questions

1:   WiMax စတင်လျှောက်ထားလျှင် ဘာတွေလိုအပ်ပါသလဲ။
2:   အရင်တုန်းကပေါ်တဲ့ Broadband နဲ့ အခု Broadband WiMax ကဘယ်လိုကွာခြားပါသလဲ။
3:   ADSL/IP Stars တို့နဲ့ WiMax မှာ Speed ခြင်းကွာခြားမှုရှိပါသလား။
4:   အခုလက်ရှိအသုံးပြုနေတဲ့ ADSL နဲ့ WiMax မှာ Speed ခြင်း ကွာခြားမှုရှိပါသလား။
5:   RedLink ရဲ့ WiMax Service ပေးတဲ့ Procedure က ဘယ်လိုလဲ။
6:   WiMax စတင်လျှောက်ထားပြီး ဘယ်လောက်ကြာရင် Internet အသုံးပြုလို့ရနိုင်မလဲ။
7:   VoIP Phone လိုင်းဆိုတာ ဘယ်လိုမျိုးလဲ။
8:   Wireless ဆိုပြီး ကြိုးနဲ့ဘာကြောင့်ချိတ်ဆက်အသုံးပြုရတာလဲ။
9:   Bill ကို ဘယ်လိုကောက်ခံပါသလဲ။
10: System Upgrade / Downgrade လုပ်ရင် ဘယ်လိုလုပ်ရမလဲ။
11: နေရာပြောင်း (Relocation) လုပ်လို့ရပါသလား။
12: Disable လုပ်လို့ရပါသလား။ ပြန်ဖွင့်ချင်ရင် ဘယ်လောက်စောင့်ရပါသလဲ။
13: After Sales Service ရှိပါသလား။
14: ရာသီဥတုဆိုးရွားနေချိန် အသုံးပြု၍ရပါသလား။
15: TV Antenna, Satellite တွေနဲ့ရော သက်ရောက်မှုရှိပါသလား။
16: OSU ပျက်ရင် ပြုပြင်လို့ရပါသလား။
17: WiMax တပ်ဆင်လျှင် ပေးမယ့် Standard Item တွေက ဘာတွေလဲ။
 


Q: WiMax စတင်လျှောက်ထားလျှင် ဘာတွေလိုအပ်ပါသလဲ။.

A: ကျွန်တော်တို့ RedLink Communications မှာ WiMax စတင်လျှောက်ထားပြီဆိုရင် ပထမဦးဆုံး
    ကျွန်တော်တို့ဆီမှာ Application Form ဖြည့်ရပါမယ်။

    လူပုဂ္ဂိုလ် (Personal) အနေနဲ့ဆိုရင် လျှောက်ထားသူရဲ့ နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ တပ်ဆင်မယ့် နေရာရဲ့ ရပ်ကွက်ထောက်ခံစာမူရင်း၊ ရဲစခန်း
      ထောက်ခံစာ မူရင်းတို့ပါတွဲပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေမှာလဲ မှတ်ချက်အနေနဲ့ WiMax လျှောက်ထားရန်ဆိုတဲ့မှတ်ချက်ပါရမှာ
      ဖြစ်ပါတယ်။ ကုမ္ပဏီ အနေနဲ့လျှောက်ထားမယ်ဆိုရင် လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ လျှောက်ထားသူ အမည်ပါဝင်တဲ့ ကုမ္ပဏီရဲ့
      Form VI, Form XXVI  မိတ္တူတွေ လိုအပ်ပါတယ်။

    ဆိုင်ဖွင့်ဖို့အတွက်ဆိုလျှင်လဲ ဆိုင်တည်ရှိရာနေရပ်ရဲ့ ရပ်ကွက်နဲ့ရဲစခန်းထောက်ခံချက်တွေဖြစ်ဖို့လိုပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ပဲ ဖြစ်ဖြစ်၊ Company အနေနဲ့ပဲဖြစ်ဖြစ် နိုင်ငံရေး
      ကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်ကို ကျွန်တော်တို့ဆီမှာ လက်မှတ်ထိုးရပါမယ်။
 


Q: အရင်တုန်းကပေါ်တဲ့ Broadband နဲ့ အခု Broadband WiMax ကဘယ်လိုကွာခြားပါသလဲ။.

A:   Broadband WiMax ဟာအရင်ကပေါ်တဲ့ Broadband ထက်ပိုပြီးမြန်ဆန်မှုရှိသလို ရာသီဥတုဒဏ်ကိုလည်းပိုပြီး ခံနိုင်ရည် ရှိပါတယ်။
 


Q: ADSL/IP Stars တို့နဲ့ WiMax မှာ Speed ခြင်းကွာခြားမှုရှိပါသလား။.

A:   အထူးသဖြင့် Technology ကွာခြားမှုကိုလိုက်ပြီး speed, reliability စတဲ့အားသာချက်တွေရှိပါတယ်။
 


Q: အခုလက်ရှိအသုံးပြုနေတဲ့ ADSL နဲ့ WiMax မှာ Speed ခြင်း ကွာခြားမှုရှိပါသလား။.

A: ကွာခြားမှုရှိပါတယ်။ WiMax မှာ Base Station နဲ့ အသုံးပြုသူ Subscriber (Antenna) ကြားမှာ အတားအဆီးမရှိဘဲ ပိုမြန်တာတွေ့ရပြီး၊ အတားအဆီးရှိတယ်ဆိုလည်း
    ADSL ထက်မနိမ့်တဲ့ Speed ကိုရတာတွေ့ရပါတယ်။
 


Q: RedLink ရဲ့ WiMax Service ပေးတဲ့ Procedure က ဘယ်လိုလဲ။.

A: ပထမဦးဆုံး ကျွန်တော်တို့ဆီမှာ Application Form နဲ့ လိုအပ်တဲ့ စာရွက် စာတမ်းတွေကို တင်ရပါမယ်။
    စာရွက်စာတမ်း ပြည့်စုံပြီး Form တွေကို စစ်ဆေးအတည်ပြုပေးမှာ ဖြစ်ပါတယ်။
    Approval ကျလာပြီဆိုတာနဲ့ ကနဦးတပ်ဆင်ခကို စတင်သွင်းရပါမယ်။
    ငွေသွင်းပြီးတဲ့နောက် ကျွန်တော်တို့ဆီက Technical အဖွဲ့က Survey ဆင်းခြင်းပြုလုပ်မှာဖြစ်ပါတယ်။
    Survey ဆင်းပြီး သတ်မှတ်ထားတဲ့ Technical Standard များ ကိုက်ညီပါက Installation ပြုလုပ်မှာဖြစ်ပါတယ်။
    ကျွန်တော်တို့အနေနဲ့ ဘယ် Plan ကိုပဲယူယူ PC တစ်လုံးထဲမှာသာ Activate လုပ်ပေးမှာဖြစ်ပြီး PC ခွဲဝေချိတ်ဆက်မှုကိုတော့ ပြုလုပ်ပေးမှာမဟုတ်ပါဘူး။
 


Q: WiMax စတင်လျှောက်ထားပြီး ဘယ်လောက်ကြာရင် Internet အသုံးပြုလို့ရနိုင်မလဲ။.

A: Application Form စတင်လျှောက်ထားပြီးချိန်မှ စပြီး တစ်လအတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 Top      


Q: VoIP Phone လိုင်းဆိုတာ ဘယ်လိုမျိုးလဲ။ .

A: VoIP Phone ဆိုတာ Phone ပါပဲ။ ဒါပေမယ့်သူက Internet Line ပေါ်ကသွားတာဆိုတော့ တပြိုင်တည်း Internet သုံးလို့ရသလို Phone လည်းပြောလို့ရတာပေါ့။
 


Q: Wireless ဆိုပြီး ကြိုးနဲ့ဘာကြောင့်ချိတ်ဆက်အသုံးပြုရတာလဲ။.

A: Base Station ကနေ အသုံးပြုသူ Subscriber (Antenna) ကြားမှာ Wireless နဲ့သွားတာဖြစ်လို့ Wireless လို့ခေါ်တာပါ။ TV ကြည့်သလိုပေါ့ဗျာ။ လေထဲကတော့လာတယ်။
       Antenna ကနေတော့ ကြိုးနြဲ့ပန်ယူရတာပေါ့။
 


Q: Bill ကို ဘယ်လိုကောက်ခံပါသလဲ။.

A: Installation တပ်ဆင်သည့်နေ့မှစ၍ Monthly Fees စတင်တွက်ပါတယ်။
    Monthly Fees တွက်ရာတွင် ရောက်ရှိနေသော လ၏ ရက်အတိုင်း အသုံးပြုပြီးသောရက်ကိုတွက်ချက်ပေးပါတယ်။
    Bill ကို လကုန်ရက်သတ်မှတ်ပြီး SBS နဲ့ Bill ပို့ပေးပါတယ်။
    Customer ထံသို့ လဆန်း (၂) ပတ်အတွင်း အရောက်ပို့ပေးပါတယ်။
    Customer ကိုပေးသွင်းရန် ကောက်ခံသောလရဲ့လကုန်ရက်မှစ၍ (၄၅) ရက်အတွင်း ရုံး၌ ငွေသွင်းလက်ခံပါတယ်။
    သတ်မှတ်ရက်ထက်ကျော်လွန်ပါက နောက်ရက်တွင် Internet Access ကိုယာယီ ပိတ်ထားပါတယ်။
 


Q: System Upgrade / Downgrade လုပ်ရင် ဘယ်လိုလုပ်ရမလဲ။.

A: System Upgrade / Downgrade လုပ်ချင်လျှင် ကျွန်တော်တို့ဆီမှာ Customer Service Form လာရောက် ဖြည့်စွက် ရမှာဖြစ်ပါတယ်။
 


Q: နေရာပြောင်း (Relocation) လုပ်လို့ရပါသလား။

A: Survey အဆင်မပြေတာဘဲဖြစ်ဖြစ်၊ Survey မဆင်းခင်ဘဲဖြစ်ဖြစ် နေရာပြောင်းလုပ်လို့ ရပါတယ်။ ကျွန်တော်တို့ဆီမှာ Customer Service Form လာရောက်ဖြည့်စွက်ရမှာ
       ဖြစ်ပါတယ်။
 


Q: Disable လုပ်လို့ရပါသလား။ ပြန်ဖွင့်ချင်ရင် ဘယ်လောက်စောင့်ရပါသလဲ။.

A: လုပ်လို့ရပါတယ်။ Disable လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ ပြန်ဖွင့်ရင်ပဲဖြစ်ဖြစ် တစ်လကြိုတင်လျှောက်ထားရမှာဖြစ်ပါတယ်။

Top      


Q: After Sales Service ရှိပါသလား။.

A: ရှိပါတယ်။ Email username ပြောင်းချင်ရင်ဘဲဖြစ်ဖြစ်၊ Disable / Enable / Terminate လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ နေရာပြောင်း (Relocation) ပဲဖြစ်ဖြစ်၊ System Upgrade /
      Downgrade လုပ်ချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 24 into 7 service ပေးနေတဲ့အပြင် လိုအပ်ပါက ဆက်သွယ်နိုင်ရန်
      helpdesk များလဲ ထားရှိပေးပါတယ်။
 


Q: ရာသီဥတုဆိုးရွားနေချိန် အသုံးပြု၍ရပါသလား။.

A: ရပါတယ်။
 


Q: TV Antenna, Satellite တွေနဲ့ရော သက်ရောက်မှုရှိပါသလား။.

A: မရှိပါဘူး။ ဘာလို့လဲဆိုတော့ နည်းပညာတစ်ခုစီရဲ့ သုံးတဲ့ Frequency ချင်းမတူလို့ပါပဲ။
 


Q: OSU ပျက်ရင် ပြုပြင်လို့ရပါသလား။ .

A: တော်ရုံအခြေအနေမှာတော့ OSU ပျက်စီးခြင်းမရှိနိုင်ဘူး။ ကျွန်တော်တို့ဘက်က ၁နှစ်အာမခံ ပေးထားပါတယ်။ ပေးထားတဲ့ အာမခံထဲမှာတော့ လျှပ်စစ်မီးကြောင့်ဖြစ်ပေါ်သော
       ပျက်စီးချို့ယွင်းမှု၊ မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်သော ပျက်စီးချို့ယွင်းမှု၊ အသုံးပြုသူ၏လုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်သော ပျက်စီးချို့ယွင်းမှု၊ သဘာဝဘေး အန္တရယ်ကြောင့်
       ဖြစ်ပေါ်သော ပျက်စီးချို့ယွင်းမှုတွေ အကြုံးဝင်မှာ  မဟုတ်ပါဘူး။
 


Q: WiMax တပ်ဆင်လျှင် ပေးမယ့် Standard Item တွေက ဘာတွေလဲ။.

A: WiMax တပ်ဆင်လျှင် ပေးမယ့် standard Item တွေက
    OSU လို့ခေါ်တဲ့ Outdoor Subscriber Unit ၁ခု၊
    splitter ၁ခု၊
    bracket ၁စုံ၊
    power cable ၁ခု၊
    POE cable ၃၀မီတာ နဲ့
    UTP cable ၃မီတာ တို့ဘဲဖြစ်ပါတယ်။

Top      

Copyright © 2009 redlink.NET.MM. All right reserved.
Total Hits :  

drupal stats