Billing Procedure
၁။ လစဉ်ကြေးသုံးစွဲမှု ပမာဏကိုများရာမှ
နည်းရာသို့ လျှော့ချလိုလျှင် 30 - FEC ပေးဆောင်ရပါမည်။ e-mail
account username ပြောင်း
လိုလျှင် 10 - FEC ပေးဆောင်ရပါမည်။
၂။ လစဉ်ကြေး ပမာဏများရာသို့ ပြောင်းလဲလိုခြင်း၊ E-mail password
ပြောင်းလိုခြင်း၊ ငွေတောင်းခံလွှာပေးပို့သော လိပ်စာပြောင်းလိုခြင်း
စသော ပြောင်းလဲမှုများ အတွက် ပြောင်းလဲခ ပေးဆောင်ရန် မလိုပါ။
၃။ Service များအား ယာယီပိတ်ထားလိုလျှင် စတင် ပိတ်မည့်လအထိ
လစဉ်ကြေးကို ပေးဆောင်ရပါမည်။ ယာယီ ပိတ်ထားသည့် ကာလ
အတွင်း နှစ်စဉ်ကြေး ပုံမှန် ပေးဆောင် ရပါမည်။
၎။ Service များအား အပြီးပိတ်သိမ်းလိုလျှင် စတင်ပိတ်မည့်လအထိ
လစဉ်ကြေးနှင့် နှစ်စဉ်ကြေး နှစ်မျိုးလုံးကို ပေးဆောင်ရပါမည်။
၅။ ပြောင်းလဲမှု လျှောက်ထားခြင်းများ အားလုံးကို လတစ်လ၏ (၈)
ရက်နေ့မှ စတင်၍ နောက်လ (၇) ရက်နေ့အထိ လက်ခံ ဆောင်ရွက်ပေး
ပါမည်။
၆။ ငွေ တောင်းခံလွှာများအား ငွေလက်ခံရာဌာနသို့ လာရောက်
ပေးဆောင်လျှင် သက်ဆိုင်ရာ Customer ID နံပါတ် (သို့မဟုတ်) e-mail
username ကိုသိရှိ ပြောဆိုနိုင်ပါမှသာ ငွေလက်ခံ၍ ရပါမည်။
၇။ နေ့စဉ်တနင်္လာ မှ သောကြာနေ့အထိ နံနက် (၉) နာရီ မှ နေ့လည် (၂) နာရီ
အထိ ငွေလက်ခံပါမည်။ စနေနေ့တွင် နံနက် (၉) နာရီိမှ
နေ့လည် (၁၂) နာရီ အထိသာ လက်ခံပါမည်။
၈။ လစဉ်ကြေးများကို ကြိုတင် ပေးဆောင်လိုလျှင် (၆) လစာ ကြိုတင်ငွေ
အတွက် ၅% လျှော့ပေးပြီး တစ်နှစ်စာ ကြိုတင်ငွေ အတွက် ၁၀%
လျှော့ပေးပါမည်။
၉။ လစဉ်ကြေးငွေ တောင်းခံလွှာများကို (၄၅) ရက်အတွင်း ပေးဆောင်ရပါမည်။
အကယ်၍ ပျက်ကွက်ခဲ့ပါက ငွေတောင်းခံသည့် ဌာနမှ အင်တာ
နက် သုံးစွဲနိုင်မှုကို ယာယီဖြတ်ထားခြင်း ခံရပါမည်။
၁၀။ ကြွေးကျန်များ ပေးဆောင်ပြီး၍ ပြန်လည်သုံးစွဲလိုပါလျှင်
ပြန်ဖွင့်ပေးရန် လျှောက်လွှာတင်ရပါမည်။ လျှောက်လွှာတင်ပြီး
အလုပ်ချိန် (၄)
ရက်အတွင်း ပြန်လည်ဖွင့်ပေးပါမည်။
|
|